မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .

Tuesday, April 19, 2016

Android ဖုန်းဖြင့်​ QR code များကို scan ပြုလုပ်​နည်း

link ​ဒေါင်းနည်း...download လုပ်​ရန်​အတွက်​ ​ပေးထား​သောစာသားlink ကိုနှိပ်​ပါ။ထို့​နောက်​ ၅ စက္ကန့်​​လောက်​​စောင့်​ပြီး ညာဘက်​အ​ပေါ်​ထောင့်​နားတွင်​ skip ad လို့ အဝါ​ရောင်​စာတန်း​လေး​ပေါ်လာရင်​ နှိပ်​လိုက်​ပါ။မူရင်း​ဒေါင်းလုပ်​လင့်​ခ်​ကို​ရောက်​၍ download ဆွဲလို့ရပါပြီ။link error ဖြစ်​​နေလျင်​ back key နဲ့တစ်​ချက်​နှိပ်​ပြီးပြန်​လည်​​ဒေါင်းယူပါကအဆင်​​ပြေပါသည်​။
Android Phone ဖြင့် QR Code များကို Scan ပြုလုပ်နည်း 
QR Code တွေကို ယနေ့ခေတ်မှာ နေရာတိုင်းတွေ့ရှိနိုင်ပါတယ်။ Billboards များ၊ Bus ကားဂိတ်များ၊ မဂ္ဂဇင်းကြော်ညာများနဲ့ ကုန်ပစ္စည်းများပေါ်မှာ အဆိုပါ Pixel များနဲ့ စုဖွဲ့ထားတဲ့ သေးငယ်တဲ့ စတုရန်းအကွက်ငယ်လေးများကို ကပ်ထားပါတယ်။ ရုပ်ရှင်ပိုစတာပေါ်မှ QR Code ကို သင့်ရဲ့ ဖုန်းနဲ့ Scan ပြုလုပ်လိုက်ရင် အဲဒီရုပ်ရှင်ရဲ့ ၀က်ဆိုက်ကို ရောက်ရှိသွားမှာပါ။ WiFi Router ဘေးမှ QR Code ကို Scan လုပ်ရင် WiFi ချိတ်ဆက်ပေးမှာပါ။ ကုန်ပစ္စည်းတစ်ခုပေါ်မှ QR Code ကို Scan လုပ်ရင် အဲဒီကုန်ပစ္စည်းရဲ့ ၀က်ဆိုက်ကို ရောက်ရှိသွားမှာပါ။ ဖုန်းကနေ QR Code ကို Scan သို့မဟုတ် ဖတ်ရှုနည်းကတော့ ဒီလိုပါ။
QR Code ဆိုတာ
QR ဟာ Quick Response ရဲ့ အတိုကောက်ဖြစ်ပါတယ်။ သူဟာ Barcode ရဲ့ စမတ်ကျတဲ့ ဗားရှင်းဖြစ်ပြီး မော်တော်ကားနယ်ပယ်အတွက် ဂျပန်မှာ စတင် တီထွင်ခဲ့ကြတာပါ။ Machines များက Barcodes များထက် QR Codes များကို ပိုမိုလျှင်မြန်စွာ ဖတ်ရှုနိုင်ပြီး QR Codes များက နေရာနည်းနည်းနဲ့ ဒေတာများများကို သိမ်းဆည်းနိုင်ပါတယ်။
1
QR Codes များကို အသုံးပြုရတဲ့ အဓိက အကြောင်းအရင်းတွေရှိပါတယ်။ တစ်စုံတစ်ခုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သိရှိဖို့အတွက် Web Link ကို ရယူခြင်း၊ Wireless Network တစ်ခုရဲ့ Password ကို ရယူခြင်းတို့ဖြစ်ပါတယ်။ Contacts သတင်းအချက်အလက်များကို လျှင်မြန်စွာ ရယူချင်ရင်လည်း အသုံးပြုနိုင်ပါတယ်။
Android Phone ဖြင့် QR Codes များကို Scan ပြုလုပ်နည်း
QR Codes များကို QR Code Scanner/Reader Apps များဖြင့် ဖတ်ရှုနိုင်ပါတယ်။ အဲဒီလို Apps များစွာထဲမှ QR Code Reader ဟာ အကောင်းဆုံးထဲက တစ်ခုဖြစ်ပြီး အခမဲ့ အသုံးပြုနိုင်ပါတယ်။ အသုံးပြုရတလည်း လွယ်ကူပါတယ်။ ဒါ့အပြင် App မှာ ကြော်ညာများလည်း ထည့်သွင်းထားခြင်းမရှိပါဘူး။
သူဟာ Android Devices, Android Versions များစွာနဲ့လည်း အဆင်ပြေပါတယ်။ Android 2.3.3 နဲ့ သူ့အထက် ဖုန်းများမှာ အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ ဖုန်းမှာ ကင်မရာပါဖို့ လိုအပ်ပါတယ်။ သင် Scan ပြုလုပ်လိုက်တဲ့ ကုဒ်ဟာ ၀က်ဆိုက်တစ်ခုကိုဖွင့်ဖို့ဆိုရင် မိုဘိုင်းဒေတာ ဆက်သွယ်မှု သို့မဟုတ် ၀ိုင်ဖိုင်လိုအပ်ပါတယ်။ QR Code Reader ကိုအောက်ပါလင့်မှာ ရယူနိုင်ပါတယ်။
           % download %
2
QR Code တစ်ခုကို ဖတ်ရှုဖို့ QR Code Reader ကိုဖွင့်ပါ။ သင့်ရဲ့ ကင်မရာကို QR Code ထံ ချိန်ရွယ်ပါ။ ဖုန်းစကရင်မှ လေးထောင့်ကွက်အတွင်းမှာ ကုဒ်ကို ၀င်အောင် ချိန်ညှိပါ။ QR Code Reader က QR Code မှ သတင်းအချက်အလက်များကို ဖတ်ရှုပြီးတာနဲ့ သင့်တော်တဲ့ App ကိုဖွင့်စေပြီး သတင်းအချက်အလက်များကို သင့်အား ပြသမှာဖြစ်ပါတယ်။ သူ့မှာ Scan History ပါရှိတဲ့အတွက် သင် ဖုန်းကနေ ဖတ်ရှုခဲ့တဲ့ ကုဒ်တွေကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
ကိုယ်ပိုင် QR Codes များပြုလုပ်နည်း
သင့်ရဲ့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုနဲ့ အခြားအရာများအတွက် QR Codes များ ဖန်တီးနိုင်ပါတယ်။ သင့်ရဲ့ Facebook Account လိပ်စာထံ တိုက်ရိုက်ရောက်ရှိစေမယ့် QR Code များကိုလည်း ဖန်တီးနိုင်တဲ့အတွက် လိပ်စာအရှည်ကြီးကို မှတ်သားထားစရာမလိုတော့ပါဘူး။ သင့်ရဲ့ နေအိမ်မှ WiFi Password အတွက်လည်း ဖန်တီးနိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် Scan Developer Website ကိုသွားပါ။
            
             ဒီ​နေရာပါ
3
QR Code မှာ သင့်ထည့်ချင်တဲ့ သတင်းအချက်အလက်များထည့်ပါ။ Facebook Account လိပ်စာ၊ WiFi Password ၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှု ၀က်ဆိုက်လိပ်စာ စတာတွေထည့်သွင်းနိုင်ပါတယ်။ ပြီးရင်တော့ QR Code ကို ဒေါင်းလုပ်ပြုလုပ်နိုင်သလို အခြားလူများနဲ့ မျှဝေနိုင်ပါတယ်။
Ref: Digital Life Journal

No comments:

Post a Comment

ထူးအိမ်သင်အမှတ်တရစာအုပ်(၂)အုပ်

ကိုငှက် (ထူးအိမ်သင်) အမှတ်တရ စာအုပ် (၂)အုပ်ပါ။ ၁။အဆုံးအစမဲ့မိုးသားထဲသွားရဦးမယ် (ထူးအိမ်သင်ပုံတူကောက်ကြောင်း) နိုင်ဇော် ဒေါင်းရန်&#12...