Saturday, January 28, 2017
Video effect ဆော့ဝဲ
Wednesday, January 25, 2017
လေရူးသုန်သုန်
Wednesday, January 18, 2017
Facebook ရောင်စုံများ
ရောင်စုံFacebookသုံးချင်သူများအတွက်မိမိကြိုက်နှစ်သက်ရာအရောင်နဲ့သုံးဖို့ရာအောက်မှာဒေါင်းယူနိုင်ပါတယ်။
အဆင်ပြေပါစေ။
စိုးမြင့်အောင်
ဆရာကြီးပါရဂူစာအုပ်များစုစည်းမှု
ပါရဂူ ၏စာအုပ်များစုစည်းမှု ( ၄၃ )ုအုပ်
ဆရာပါရဂူ (၁၉၂၁- ၂၀၁၁)
အမည်ရင်းမှာ ဦးလှကြိည်။ ဟင်္သာတခရိုင် သနွံသနော့ကျေးရွာ၌ အဘဦးဘစော(စက်ချုပ်)၊ မိခင်ဒေါ်မေတုတ်တို့မှ ၁၉၂၁ ခု၊ နိုဝင်ဘာ ၁၀ ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားခဲ့သည်။
ပါရဂူလောင်းလျာ မောင်လှကြိုင်သည် သနွံသနော့ရွာ မူလတန်းကျောင်း၌ စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့ သည်။ သင်္ကန်းဝတ်ချင်လွန်း၍ စာမေးပွဲမဖြေခဲ့။ ၁၁နှစ်သားတွင် ကိုရင်ဝတ်ခဲ့သည်။ ကိုရင်ဝတ်နှင့် လောကုတ္တရာ စာပေကို စသင်ဖြစ်သည်။ ကိုရင်ဘွဲ့အမည်မှာ ရှင်ပုဏ္ဍရိကဖြစ်သည်။ ၁၄ နှစ်အရွယ်တွင် ဟင်္သာတမြို့ မြစ်ကွေ့ ကျောင်းတိုက်၌ ပညာဆက်သင်သည်။ ရှင်ပုဏ္ဍရိကဘွဲ့အမည်ကို ရှင်ပါရဂူဘွဲ့ပြောင်းသည်။ မြစ်ကွေ့ကျောင်း ပဓာန ဆရာတော် ဦးပညာဝံသသည် အမှတ်အသား အစုအဆောင်း အလွန်ကောင်းသည်။ ထိုဆရာတော်မျိုးထံတွင် ပညာ လိုလားသော ရှင်ပါရဂူသည် ပညာကိုကျိုးနွံစွာ သင်ကြားခဲ့သည်။ သဒ္ဒါ၊ သင်္ဂြိုဟ်မှ စ၍ သင်ကြားခဲ့သည်။ နောက် ရှင်တေဇောသာရ(ဒဂုန်ဦးထွန်းမြင့်)က စာချပေးခဲ့သည်။ နောက်ပိုင်း ရှင်တေဇောသာရက လဟာရက်ရွာ ပြောင်းရာ ရှင်ပါရဂူလိုက်ပြောင်းခဲ့သည်။ ရှင်ဥာဏိဿရ(ဦးဆန်းထွန်း)လည်း ပါသည်။ ရှင်ပါရဂူ ၁၅ နှစ်အရွယ်တွင် သန်လျင် မြို့နယ် လဟာရပ်ရွာ ပထမပြန်စာသင်တိုက်မှ အစိုးရပထမပြန်စာမေးပွဲ ပထမငယ်တန်းအောင်မြင်သည်။ ၁၆နှစ် တွင် ပထမလတ်တန်း၊ ၁၇ နှစ်ရွယ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်သည်။ ထိုနှစ်က ဟံသာဝတီ တစ်ခရိုင် လုံး ပထမကြီးနှစ်ပါးတည်းအောင်မြင်ရာ တစ်ပါးမှာ ရှင်ပါရဂူဖြစ်သည်။
ပထမပြန်စာမေးပွဲသမိုင်း၌ ၁၇နှစ်နှင့် ပထမကြီးတန်းအောင်မြင်သူ နှစ်ပါးသာရှိသည်။ တစ်ပါးမှာ ရှင်ပါရဂူ ဖြစ်သည်။ အသက် ၁၉နှစ်အရွယ်၌ အစိုးရဓမ္မာစရိယစာချတန်း ဂုဏ်ထူးကျမ်းအောင်မြင်သည်။ စာပို့ချပေးသူ ဆရာမှာ အရှင်တေဇောသာရ(ဒဂုန်ဦးထွန်းမြင့်) ဖြစ်သည်။ (ပါရဂူ၏ ပဥှာကထာစာအုပ်တွင် ဆရာဦးအောင်သင်းက မေး၍ ဆရာပါရဂူက သူပညာသင်ယူခဲ့ပုံတွေကို အသေးစိတ် ဖြေဆိုဖောက်သည်ချထားသည်။)
၁၉၃၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ''တိုးတက်ရေးမဂ္ဂဇင်း''တွင် မျိုးညွန့်နွယ်အမည်ဖြင့် လူငယ်ခေတ် ဆောင်းပါး ကို ပထမဆုံး စတင်ရေးခဲ့သည်။ ထို့နောက် ရှင်ပါရဂူကိုရင်အမည်ဖြင့် တိုးတက်ရေးမဂ္ဂဇင်းနှင့် ''ဒဂုန်မဂ္ဂဇင်း''တို့၌ ဆောင်းပါးများဆက်ရေးခဲ့သည်။ ၁၉၄၀ ခုနှစ် သြဂုတ်လထုတ် တိုးတက်ရေးမဂ္ဂဇင်း၌ ''ဘုန်းကြီးကျောင်းသား'' အမည်ဖြင့် ''ရင်သွေး''၀တ္ထုတိုကို ရေးခဲ့သည်။ ပါရဂူ၏ ပထမဆုံး ၀တ္ထုဖြစ်သည်။
၁၉၄၁ အသက် ၂၀ အရွယ်တွင် သနွံသနော့ရွာ၌ ရဟန်းခံခဲ့သည်။ ဂျပန်ခေတ်(၁၉၄၄ ခုနှစ်)တွင် သံလျင်မြို့ ဂျပန်စာသင်ကျောင်း၌ ဂျပန်စာ ၂နှစ်သင်ခဲ့သည်။ ရန်ကုန်မှ တစ်ပြည်လုံးရှိ ဂျပန်စာသင်ကျောင်းများအတွက် ထုတ်ဝေသော ဂျပန်သတင်းစာ၌ အရှင်ပါရဂူအမည်ဖြင့် ဂျပန်ဘာသာဆောင်းပါးတစ်ပုဒ် ရေးခဲ့သည်။
အိန္ဒိယသူဌေးကြီးဗီရလာ၏ အရိယဓမ္မပညာတော်သင်ဆုဖြင့် ၁၉၄၇ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊ ဗာရာဏသီ ဟိန္ဒူတက္ကသိုလ် အိုရီယန်တယ်ကောလိပ်၌ ဟိန္ဒီနှင့်သက္ကတသင်သည်။ ထိုအချိန်တွင် မိဂဒါဝုန် မဟာ ဗောဓိအသင်းက ထုတ်ဝေသောဟိန္ဒီဘာသာဓမ္မဒူတစာအုပ်၌ ဟိန္ဒီဘာသာဆောင်းပါးရေးသည်။ ဂျာနယ်ကျော်၌ လည်းရေးသည်။ ၁၉၅၂ ခုတွင် မြန်မာနိုင်ငံသို့ ပြန်လာသည်။ ၀ိဇ္ဇာအမည်ဖြင့် ရာဟုလာသံကိစ္စည်း၏ ဗော်လဂါမှ ဂင်္ဂါသို့(ဒုတိယပိုင်း)ကို မြန်မာပြန်ခဲ့သည်။ ပထမပိုင်းကို ရှင်ဥာဏိဿရ(ဦးဆန်းထွန်း)က ဘာသာပြန်ခဲ့သည်။ နောက်ပိုင်းပေါင်းထုတ်ခဲ့သည်။
၁၉၅၄ ခုတွင် ပါရဂူအမည်ဖြင့် ''ဗုဒ္ဓစကား''ကိုရေးခဲ့သည်။ ၁၉၅၅ ခုတွင် လူဝတ်လဲခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် နယူးဒေလီမြို့၌ကျင်းပသော အာရှစာရေးဆရာညီလာခံ၏ အတွင်းရေးမှူးအဖွဲ့ဝင် အဖြစ်ဖြင့်လည်းကောင်း၊ ညီလာခံကိုယ်စားလှယ်အဖြစ်ဖြင့် လည်းကောင်း ပါဝင်တက်ရောက်ခဲ့သည်။ ထိုအချိန်၌ နယူးဒေလီမြို့တွင် ဗုဒ္ဓ ဇယန္တိအထိမ်းအမှတ်ဖြင့် ယူနက်စကိုမှ ကြီးမှူးကျင်းပသော ဗုဒ္ဓစာပေနှီးနှောဖလှယ်ပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။
၁၉၅၇-၆၁အထိ မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးပြန်ကြားရေး ဘာသာပြန်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ မှ ၆၁အထိ မြန်မာနိုင်ငံစာရေးဆရာအသင်းတွင် အမှုဆောင်တာဝန် ထမ်းဆောင်သည်။ ၁၉၆၃ ခုနှစ်တွင် သုန္ဒရနန္ဒခေါ် ညီတော်မင်းနန်စာအုပ်ဖြင့် အနုပညာဆိုင်ရာ ဘာသာပြန်စာပေဆု ချီးမြှင့်ခြင်းခံရသည်။
၁၉၆၃ မှ ၁၉၆၅ထိ မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂအသင်းအမှုဆောင်၊ မြန်မာနိုင်ငံ စာပေပြန့်ပွားရေး အသင်းအမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ''ဟိန္ဒီဆာဟိတျ ဆမ္မေလန်'' ခေါ် မြန်မာနိုင်ငံ ဟိန္ဒီ စာပေအသင်းမှ ချီးမြှင့်သော ''စာပေ ရွှေတံဆိပ်''ဆု ရရှိခဲ့သည်။
၁၉၇၁ မှ ၁၉၇၅ ခုနှစ်အထိ မြန်မာစာကော်မရှင်အဖွဲ့၊ အဖွဲ့ဝင်တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၇၅ ခု ဇန်န၀ါရီ ၁၀မှ ၁၄ရက်၌ အိန္ဒိယပြည် နာဂပူမြို့တွင်ကျင်းပသော ကမ္ဘာ့ဟိန္ဒီစာပေကွန်ဖရင့်၏ မြန်မာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့။
၁၉၈၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ အီဂတ်ပူရီ နိုင်ငံတကာ ၀ိပဿနာအကယ်ဒမီမှဖိတ်၍ သွားရောက်ခဲ့သည်။ အိန္ဒိယနိုင်ငံ ဗဟိုအစိုးရ ပြည်ပရေးရာဝန်ကြီးဌာန ဟိန္ဒီဌာနခွဲ၏ကိုယ်စား၊ အတွင်းဝန်(ဒု-၀န်ကြီးအဆင့်)က နယူး ဒေလီမြို့၊ ဟိုက်ဒရာဘတ်အောက်စ်၌ ဂုဏ်ပြုဧည့်ခံပွဲ ကျင်းပပေးခဲ့။
- ကာဒမ္ဗရီခေါ် ဟိန္ဒီမဂ္ဂဇင်းကြီးက အင်တာဗျူးလုပ်ခဲ့။
- အောလ်အိန္ဒိယရေဒီယိုမှ မြန်မာဘာသာဖြင့် ဟောပြောချက် ၂ခု အသံလွှင့်ခဲ့။
- ဟိန္ဒီဘာသာဖြင့် အင်တာဗျူးလုပ်ခဲ့။
- ဗာရာဏသီမြို့ သတင်းစာဆရာအသင်းမှကြီးမှူး၍ သတင်းစာဆရာများနှင့် တွေ့ဆုံပွဲနှင့် ဂုဏ်ပြုပွဲလုပ်ခဲ့။
- ဗာရာဏသီ၊ အဘိမနျူစာကြည့်တိုက်မှလည်း ဧည့်ခံ ဂုဏ်ပြုပွဲ လုပ်ခဲ့။ ၁၉၇၅ ခုနှစ်မှစ၍ လေးငါးနှစ်တိတိ
ဗာရာဏသီ မြို့ ဟိန္ဒီနေ့စဉ်သတင်းစာ(အာ့ခ်ျ)၌ ဦးပါရဂူအမည်ဖြင့် ''မြန်မာပြည်မှပေးစာ'' ခေါင်းစဉ်တပ်လျက် ဟိန္ဒိဘာသာ သတင်းဆောင်းပါး မှန်မှန်ရေးခဲ့။
- ၁၉၇၇ခုနှစ်မှစ၍ သုံးလေးနှစ်အထိ ကရာချိမှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ယူနက်စကို၏ လေးလ တစ်ကြိမ်ထုတ်(News Letter)တွင် ဦးလှကြိုင်အမည်ဖြင့် မြန်မာနိုင်ငံစာပေ ယဉ်ကျေးမှု၊ လှုပ်ရှားမှုနှင့် ပတ်သက် ၍ သတင်းဆောင်းပါးရေးခဲ့။
- ၁၉၈၅ ခုနှစ်တွင် မြန်မာနိုင်ငံ ကောလိပ်နှင့်တက္ကသိုလ်များ၏ အရှေ့တိုင်းစာပေသင်ကြားရေးအဖွဲ့၊ အဖွဲ့ဝင် အဖြစ် စတင်ဆောင်ရွက်သည်။
- ၁၉၈၆ ခုနှစ်တွင် ''ဂေါရီ''၀တ္ထုဖြင့် အမျိုးသားစာပေဆု ဘာသာပြန်ဆုရရှိခဲ့သည်။ ထိုနှစ်ထဲတွင် အိန္ဒိယနိုင်ငံ အီဂတ်ပူရီတွင်ကျင်းပသော နိုင်ငံတကာဝိပဿနာအကယ်ဒမီ၏ နိုင်ငံတကာဝိပဿနာဆီမီနာသို့ တက်ရောက်ခဲ့။
- အော်လ်အိန္ဒိယရေဒီယိုမှ မြန်မာဘာသာဖြင့် ဟောပြောချက် ၄ခု အသံလွှင့်ပြီး ဟိန္ဒီဘာသာဖြင့် အင်တာဗျူး လုပ်ခဲ့။
- ဒေလီမြို့မှ ထုတ်ဝေသော ''ပန်ကျဂျနယ'' အပါတ်စဉ်ဂျာနယ်ကလည်း အင်တာဗျူးလုပ်ခဲ့။
- ကာလကတ္တားမြို့ ''ယောဂက္ခေမ''အဖွဲ့မှပြုလုပ်သော ဧည့်ခံပွဲ၌ မြန်မာစာအဖွဲ့ကိုယ်စား ဟိန္ဒီဘာသာဖြင့် မိန့်ခွန်းပြောခဲ့။
၁၉၈၉ တွင်မြန်မာပြည် တဂိုးအသင်းဥက္ကဌ မြန်မာပြည် ဟိန္ဒီအသင်းဥက္ကဌ။ ၁၉၉၀ တွင် ပါရဂူ ကလောင် အမည်ဖြင့်ရေးသော ပင်ကိုယ်ရေ''ပရိယ ဒရရှီ အရှို(က်)(ပိယဒဿီ အသောက)ဟိန္ဒီလုံးချင်းဝတ္ထုကို နယူးဒေလီ မြို့ ''ဧရာဝတီပတ်ဘလစ်ကေးရှင်း''မှ ထုတ်ဝေခဲ့။ ထိုဝတ္ထုကို ဒေလီမြို့ရှိ အထက်တန်းကျောင်းများအတွက် ရည်ညွှန်း စာအုပ်အဖြစ် ပြဌာန်းခဲ့။
၁၉၉၄ -ခုနှစ် ဖေဖော်ဝါရီလ၌ ဗာရာဏာသီ ဆာရနတ် (မိဂဒါဝုန်)တွင် ကျင်းပသော ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ နှင့်ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့။
- နယူးဒေလီမြို့၌ နာမည်ကျော် ဟိန္ဒီစာရေးဆရာ ''ဟိမန် ရှုဂျိုရှီ'' (ဂေါမတီဝတ္ထုရေးသူ)က ချီးကျူး ဂုဏ်ပြု စကားပြောခဲ့။ ၁၉၉၈ခု မြန်မာနိုင်ငံ ယဉ်ကျေးမှုတက္ကသိုလ်ပညာရေးအဖွဲ့ အဖွဲ့ဝင်၊ အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိဝိပ ဿနာအဖွဲ့(ဓမ္မဇောတိ) အမှုဆောင်၊ မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့ ဥက္ကဌ တာဝန်များ ထမ်းဆောင်ခဲ့။
၂၀၀၀ ပြည့်နှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ အဖွဲ့ဝင်၊ နော်ဝေးရောက် အိန္ဒိယအမျိုးသားများ အင်္ဂလိပ်၊ ဟိန္ဒီ နှစ်ဘာသာဖြင့် ထုတ်ဝေသော ''သျှံတိ ဒူတ မဂ္ဂဇင်း''၏ အကြံပေးတာဝန် ထမ်းဆောင်သည်။
၂၀၀၁ ခုနှစ် ပခုက္ကူဦးအုန်းဖေ၏ တစ်သက်တာစာပေဆု ချီးမြှင့်ခြင်းခံရသည်။ ဆရာပါရဂူသည် ၂၀၀၁-ခုနှစ်၊ အသက် ၈၀ပြည့် ချိန်တွင် လုံးချင်းစာအုပ် ၁၀၀အထိ ပုံနှိပ်ထုတ်ဝေခဲ့သည်။
ဆရာပါရဂူ ပါဝင်သော စာပေနှင့် ဘာသာရေး အဖွဲ့အစည်းများမှာ
(၁) မြန်မာနိုင်ငံ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု ဗဟိုအဖွဲ့ (အကြံပေးအဖွဲ့ဝင်)
(၂)အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိဝိပဿနာအဖွဲ့ (အမှုဆောင်)
(၃) သီယိုဆိုဖီအသင်း (နာယက)
(၄) ဗုဒ္ဓ၀င်ပြပွဲကော်မတီ (နာယက)
(၅) မြန်မာနိုင်ငံ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့(နာယက)
(၆) မြန်မာစာအဖွဲ့(အဖွဲ့ဝင်) (၁၉၇၁-၇၅)
(၇) မြန်မာနိုင်ငံတက္ကသိုလ်နှင့် ကောလိပ်များ၏ အရှေ့ တိုင်းစာပေသင်ကြားရေးအဖွဲ့ (အဖွဲ့ဝင်)
(၈)မြန်မာနိုင်ငံ စာရေးဆရာများအသင်းအမှုဆောင် (၁၉၅၈)
(၉)စာရေးဆရာ စာပေကလပ်(ဟောင်း)အမှုဆောင် (၁၉၅၈)
(၁၀) မြန်မာစာပေပြန့်ပွားရေးအသင်းဒု-ဥက္ကဌ (၁၉၆၀)
(၁၁) စာရေးဆရာသမဂ္ဂအမှုဆောင် (၁၉၆၀)
(၁၂) မြန်မာပြည် တဂိုးအသင်း(ဥက္ကဌ) (၁၉၉၀-၉၅)
(၁၃) မြန်မာနိုင်ငံ ဟိန္ဒီစာပေအသင်း(ဥက္ကဌ) (၁၉၉၃-၉၅)
ပြုစုခဲ့သော ကျမ်းစာအုပ်များ (၁) ဗုဒ္ဓစကား၊ (၂) မဟာခရီးသည် ၊ (၃) ဗုဒ္ဓအဘိဓမ္မာနှင့် မာ့စ်အဘိဓမ္မာ၊ (၄) အညမညသဘောတရားနှင့် ဗုဒ္ဓအဘိဓမ္မာ၊ (၅) ဗုဒ္ဓမြတ်စွာ၊ (၆) ဈင်ဗုဒ္ဓဘာသာ၊ (၇) ပလေတို၊ (၈) အရစ္စ တိုတယ်၊ (၉) လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး၊ (၁၀) ပရကထာ (တစ်စေ့ တစ်စောင်း စာရေးဆရာအကြောင်း)၊ (၁၁) ဂင်္ဂါနှင့်ဧရာဝတီ၊ (၁၂) အိန္ဒိယခရီးသည်၊ (၁၃) ရေစီးကြောင်း(စာပေယဉ်ကျေးမှု)၊ (၁၄) နီတိပုံပြင်များ၊ (၁၅) တမ္ပဏ္ဏိ၊ (၁၆) ပုဂံခရီးသည်။
ကျမ်းစာအုပ်များ(ဘာသာပြန်) (၁) နေရူး၏သမီးထံပေးစာ၊ (၂) ဗုဒ္ဓ၀ါဒနှင့် ဆိုရှယ်လစ်ဝါဒ၊ (၃) ကွန်မြူနစ်ဝါဒ သာလျှင် အဘယ်ကြောင့်၊ (၄)တော်လှန်သော အတွေးအခေါ်၊ (၅) ကျန်းမာရေးသ၀ဏ်လွှာ(လှကြိုင်)၊ (၆) ညီတော်မင်းနန်၊ (၇) နိဗ္ဗာန်၊ (၈) ဓမ္မ(သို့)ဘ၀တစ်လျှောက်နေသွားနည်း အတတ်ပညာ၊ (၉) မဟာလူသားဗုဒ္ဓ၊ (၁၀) ဗုဒ္ဓဒိုင်ယာယီ၊ (၁၁) ဗာဗာဒိုဟာ ဓမ္မကဗျာ၊ (၁၂) တရားရေစီးကြောင်း၊ (၁၃) စကားပြောသောရုပ်တုများ၊ (၁၄) ဓမ္မစကား၊ (၁၅) ယောဂီ၏ ဘ၀ဂါထာ ယခင်နှင့်ယခု၊ (၁၆) ဟိတောပဒေသ၊ (၁၇) ပဉ္စတန္တရ။
ဝတ္ထု(ဘာသာပြန်) (၁)သိဒ္ဓတ္ထ၊ (၂) သူလိုဘုရင်၊ (၃) တဂိုးဝတ္ထုတိုများ၊ (၄) တဂိုး၏ တံလျှပ်ရေထင် ရွှေသမင် ပမာနှင့်အခြားဝတ္ထုတိုများ၊ (၅) တဂိုး၏ ရာဇကုမာရီနှင့်အခြားဝတ္ထုတိုများ၊ (၆) တဂိုး၏ သံသယနှင့် ၀တ္ထုတိုများ၊ (၇) တဂိုး၏ မဉ္ဇိမပဋိပဒါနှင့် အခြားဝတ္ထုတိုများ၊ (၈) အမ္ဗပါလီ၊ (၉) သီပေါ၏မဟေသီ၊ (၁၀) စိတ္တရလေခါ၊ (၁၁) ဂေါရီ၊ (၁၂) ပန်းပုဆရာ၊ (၁၃) ဗုဒ္ဓယဉ်ကျေးမှုပြဇာတ်များ ၊ (၁၄) ဖော်မဲ့ဟင်္သာ၊ (၁၅) ဝေသာလီ၊ (၁၆) မင်းနှင့် ပြည်သူ၊ (၁၇) ၀တ္ထုသမုဒ္ဒရာ၊ (၁၈) ဝေတာလ၀တ္ထု၊ (၁၉) ဗော်လဂါမှ ဂင်္ဂါသို့၊ (၂၀) အမေ့ခံခရီးသည်၊ (၂၁) လူ့ဘောင်သစ်၊ (၂၂)သီဟ သေနာ ပတိ ၊ (၂၃) ဒိဗျာ၊ (၂၄) သာလ၀တီနှင့် အခြားဝတ္ထုများ၊ (၂၅) ဒတ္တ ၏ အတ္တကထာ ၊ (၂၆) ရာဇဘိသိက်။
'
'၀တ္ထု(ပင်ကိုရေး)'' (၁) ပီယဒဿီ (၂) ပုဂံဈေးနှင့် အခြားဝတ္ထုတိုများ (၃) သားတော်ရာဟုလာ တစ်စိတ် တစ်ဒေသမှီး၊ (၄) နေရဉ္စရာနှင့် အခြားဝထ္ထုများ၊ (၅) ကံ၏ အကျဉ်းသားနှင့် အခြားဝတ္ထုများ၊ (၆) ပရိယဒရရှီ အရှို(က်)
ဆရာကြီး ပါရဂူ ခေါ် ဦးလှကြိုင် အသက် ၉၁ နှစ်ဟာ နှလုံးရောဂါနဲ့ ရန်ကုန်အာရှတော်ဝင်ဆေးခန်းမှာ မနက် ၉နာရီခွဲကျော်ကျော်က ကွယ်လွန်သွားခဲ့ပါတယ်
၂။ကွက်လပ်
၅။ဂျပန်
၆။ပဏ္ဍိတကထာ ( ကမ္ဘာ့ဗုဒ္ဓစာပေပညာရှင်ကြီးများအကြောင်းတစေ့တစောင်း )
၈။စိတြပိယာ
၁၀။ဓမ္မစကား
၁၁။နိဗ္ဗါန်
၁၃။ပန်းပုဆရာ
၁၄။ပရကထာ
၁၅။ပဥှာကထာ
၁၆။ပိယဒဿီ
၁၇။ပုဂံခရီးသည်
၁၈။ဗုဒ္ဓစကား
၂၀။ဗုဒ္ဓအမြင်
၂၁။ဘ၀ခရီးသည်
၂၂။မဟာက၀ိ
၂၃။မဟာယောဂီ
၂၇။သိဒ္ဓတ္ထ
၃၀။သူလိုဘုရင်
၃၁။အမ္ဗပါလီ
၃၃။ဧကံသမယံ (၁)
၃၄။ဧကံသမယံ (၂)
၃၅။ဝေဒနာ
၃၆။နေရဉ္စရာနှင့်အခြားဝတ္ထုတိုများ
၃၇။ဖော်မဲ့ဟင်္သာ
၃၉။ဆန်းထွန်း(မန်း)+ပါရဂူ - ဗော်လဂါမှ ဂင်္ဂါသို့
၄၀။ကျွန်ုပ်၏ ခေတ်ပြိုင်များ- မဟတ္တမဂန္ဒီ
၄၁။မြန်မာ သီရိလင်္ကာသာသနာဆက်သွယ်ရေး
၄၂။။ဆုတောင်းပြည့် ဂျလာရာမ် ဗာဗာ
ဖိုတိုခရစ်ဒစ် #ကိုသူလင်းဝေ ( ၂၀၀၂ ခုနှစ်ကရိုက်ထားတာဟုသိရပါသည် )
*စာအုပ်လင့်ပေါင်းစုံPageမှ*
Monday, January 16, 2017
Blog မှာ ဗုဒ္ဓပုံတော်ထည့်မယ်။
blogger login>>layout>>add gadget>>html javascript>>
ကျလာတဲ့အကွက်ထဲမှာအောက်ကကုဒ်တွေကိုcopyကူးပြီးpasteခှပးလိုက်ပါ။
<a href="http://s1199.photobucket.com/albums/aa478/lwarnthuko/?action=view&current=BuddhaImage-3.gif" target="_blank"><img style="width: 290px; height: 229px;" src="http://i1199.photobucket.com/albums/aa478/lwarnthuko/BuddhaImage-3.gif" alt="Photobucket" border="0" /></a>
Sunday, January 15, 2017
Android device နှင့် TV ချိတ်ဆက်နည်း
သင့်ရဲ့ Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်ချင်ရင် ချိတ်ဆက်နည်းများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းကို စမတ်တီဗီများနဲ့သာ ၀ိုင်ဖိုင်ဆက်သွယ်မှုကနေ ကြိုးမဲ့ ချိတ်ဆက်နိုင်တာ မဟုတ်ဘဲ သာမာန်တီဗီများနဲ့လည်း ကြိုးမဲ့ သို့မဟုတ် ကြိုးဖြင့် ချိတ်ဆက်နည်းများ ရှိပါတယ်။
WiFi
သင့် တီဗီဟာ စမတ်တီဗီဆိုရင် ဖုန်းနဲ့ တီဗီကို ချိတ်ဆက်ရတာ လွယ်ကူပါတယ်။ ဖုန်းနဲ့ တီဗီကို တူညီတဲ့ ၀ိုင်ဖိုင်ကွန်ရက်နဲ့ ချိတ်ဆက်လိုက်တာနဲ့ သင့်ဖုန်းမှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်နိုင်ပါပြီ။ အချို့ တီဗီထုတ်လုပ်သူများက သူတို့ရဲ့ တီဗီများမှာ Screen Mirroring ဆိုတဲ့ စွမ်းဆောင်ချက်ကိုထည့်ပေးထားပါတယ်။ ဒီစွမ်းဆောင်ချက်ကို သုံးရင် သင့်ဖုန်း စကရင်မှာ ပေါ်နေတာအားလုံးကို တီဗီမှာ မြင်ရမှာပါ။
ချိတ်ဆက်ပြီးရင်တော့ Android Device များမှ မီဒီယာများကို စမတ်တီဗီမှာ ကြည့်ရတာ လွယ်ကူရိုးရှင်းပါတယ်။ သင့်ဖုန်းမှ Youtube App မှာ ဗီဒီယို တစ်ခုဖွင့်ပြီး Streaming Icon ကို နှိပ်လိုက်တာနဲ့ တီဗီမှာ မြင်ရမှာပါ။ Gallery App ကနေ TV Share Button ကို နှိပ်ရင် တီဗီမှာ ဓါတ်ပုံများ ပြသမှာပါ။
Streaming Apps
iMediaShare – Photos & Music တို့လို Streaming Apps များကလည်း အသုံးဝင်ပါတယ်။ သူက စပီကာ၊ Set-Top Box များလို DLNA-Enabled Device များ၊ စမတ်တီဗီများထံသို့ ဖုန်းမှ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ ရုပ်ရှင်များကို ထုတ်လွှင့်ပေးပါတယ်။
MHL
သင့်ရဲ့ တီဗီဟာ စမတ်တီဗီ မဟုတ်ရင်လည်း Android Device နဲ့ တီဗီကို ကြိုးဖြင့် ချိတ်ဆက်နိုင်ပါတယ်။ သင့်ဖုန်းဟာ Mobile High-Definition Link (MHL) ကို ထောက်ပံ့ဖို့ လိုပါတယ်။ သင့်ဖုန်းဟာ MHL ကို ထောက်ပံ့သလားဆိုတာ Google မှာ ရှာဖွေပါ။ ထောက်ပံ့တယ်ဆိုရင် MHL ကြိုးဝယ်ပြီး တီဗီနဲ့ ချိတ်ဆက်နိုင်ပါတယ်။
SlimPort
ဖုန်းထုတ်လုပ်သူ အချို့က MHL ကို မထောက်ပံ့ဘဲ SlimPort ကို ထောက်ပံ့ပါတယ်။ သင့်ဖုန်းဟာ SlimPort ကို ထောက်ပံ့ရင် သူ့ရဲ့ Adapter Cable ဖြင့် ဖုန်းနဲ့ တီဗီကို ချိတ်ဆက်နိုင်ပါတယ်။
Google Chromecast
သင့်တီဗီဟာ သာမာန်တီဗီဆိုရင်လည်း ဖုန်းနဲ့ တီဗီကို ၀ိုင်ဖိုင်ကနေ ချိတ်ဆက်နိုင်ပါတယ်။ ဒီလိုလုပ်ဖို့ တီဗီရဲ့ HDMI Port မှာ Google Chromecast ကို တပ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒုတိယမျိုးဆက် Chromecast ဟာ ၃၉ ဒေါ်လာလောက်သာ ရှိပါတယ်။ Chromecast အပြင် Roku, Amazon Fire Stick တို့လို Streaming Stick များကိုလည်း သုံးနိုင်ပါတယ်။ တစ်နည်းအားဖြင့် အဲဒီ ကိရိယာများဟာ ဈေးနှုန်း သက်သာစွာဖြင့် သင့်ရဲ့ သာမာန်တီဗီကို စမတ်တီဗီအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။
Saturday, January 14, 2017
Css ofline apk
အနေနဲ့ဆိုတော့ဖုန်းဘေလ်ကုန်သက်သာတာပေါ့ဗျာ။လိုအပ်ရင်အောက်မှာဒေါင်းယူနိုင်ပါတယ်။
Thursday, January 12, 2017
အာရဗီ~မြန်မာ အဘိဓာန်
Wednesday, January 11, 2017
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်များ
စုစည်းမှု
(ဦးပုလေး)
[တင်စိုး (ဘောဂဂုဏ်)]
(ရေနံ့သာဝင်းမောင်)
(မောင်ကျော်ရင်)
(လူစုံ)
(ဦးခင်အောင်)
(တက္ကသိုလ်နေဝင်း)
(ဗိုလ်သိမ်းဆွေ)
(ကလောင်စုံ)
(နေစိုးထက်)
(ဗိုလ်ချုပ်အောင်ဆန်း)
(ေဇယ်သူ)
(ကာတွန်းညီပုချေ)
(တက္ကသိုလ်နေဝင်း)
(ဒဂုန်တာရာ)
(သတင်းနှင့်နည်းပညာအဖွဲ့)
မြန်မာ့စွယ်စုံကျမ်းများ
#မြန်မာ့စွယ်စုံကျမ်းများ (၁၅) တွဲ နှင့်
#မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ်များ
၁။မြန်မာ့စွယ်စုံကျမ်း -အတွဲ ၁(က)
၂။မြန်မာ့စွယ်စုံကျမ်း -အတွဲ ၁(ခ)
၃။မြန်မာ့စွယ်စုံကျမ်း-အတွဲ ၂(က)
၎။မြန်မာ့စွယ်စုံကျမ်း-အတွဲ ၂(ခ)
၅။မြန်မာ့စွယ်စုံကျမ်း-အတွဲ ၃(က)
၆။မြန်မာ့စွယ်စုံကျမ်း- အတွဲ ၃(ခ)
၇။မြန်မာ့စွယ်စုံကျမ်း-အတွဲ ၄(က)
၈။မြန်မာ့စွယ်စုံကျမ်း-အတွဲ ၄(ခ)
၉။မြန်မာ့စွယ်စုံကျမ်း-အတွဲ ၅(က)
၁၀။မြန်မာ့စွယ်စုံကျမ်း-အတွဲ ၅(ခ)
၁၁။မြန်မာစွယ်စုံကျမ်း- အတွဲ ၅(ဂ)
၁၂။မြန်မာ့စွယ်စုံကျမ်း - အတွဲ (၆)
၁၃။မြန်မာ့စွယ်စုံကျမ်း - အတွဲ (၇)
၁၄။မြန်မာ့စွယ်စုံကျမ်း အတွဲ ၈(က)
၁၅။မြန်မာ့စွယ်စုံကျမ်း -အတွဲ ၈(ခ)
၁၆။မြန်မာ့စွယ်စုံကျမ်း -အတွဲ ၉(က)
၁၇။မြန်မာ့-စွယ်စုံကျမ်း-အတွဲ ၉(ခ)
၁၈။မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၀)
၁၉။မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၁)
၂၀။မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၂)
၂၁။မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၃)
၂၂။မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၄)
၂၃။မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅)
===============================
မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်များ( ၁၉၇၈ မှ ၂၀၁၅ အထိ )
၂၃။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၇၈)
၂၄။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၇၉)
၂၅။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၈၀)
၂၆။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၈၁)
၂၇။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၈၂)
၂၈။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၈၃)
၂၉။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၈၄)
၃၀။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၁၉၈၅)
၃၁။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၈၆)
၃၂။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၈၇)
၃၃။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၈၈)
၃၄။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၈၉)
၃၅။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၁၉၉၀)
၃၆။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၉၁)
၃၇။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၉၂)
၃၈။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၉၃)
၃၉။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၉၄)
၄၀။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၁၉၉၅)
၄၁။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၉၆)
၄၂။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၁၉၉၇)
၄၃။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၁၉၉၈)
၄၄။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၁၉၉၉)
၄၅။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၀၀)
၄၆။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၀၁)
၄၇။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၀၂)
၄၈။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၀၃)
၄၉။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၀၄)
၅၀။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၀၅)
၅၁။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၀၆)
၅၂။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၀၇)
၅၃။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၀၈)
၅၄။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၀၉)
၅၅။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၀)
၅၆။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၁)
၅၇။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၂)
၅၈။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၃)
၅၉။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၄)
၆၀။မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၅)
ခရစ်ဒစ် #ကိုထွန်းအောင်ကျော်
စာအုပ်လင့်ခ်ပေါင်းစုံမှရပါသည်။
စိုးမြင့်အောင်
…
.
ထူးအိမ်သင်အမှတ်တရစာအုပ်(၂)အုပ်
ကိုငှက် (ထူးအိမ်သင်) အမှတ်တရ စာအုပ် (၂)အုပ်ပါ။ ၁။အဆုံးအစမဲ့မိုးသားထဲသွားရဦးမယ် (ထူးအိမ်သင်ပုံတူကောက်ကြောင်း) နိုင်ဇော် ဒေါင်းရန်...
-
ဆော့ဝဲသုံးစရာမလိုပဲဘာသာစာပေပေါင်းမြောက်များစွာကိုအပြန်အလှန်ဘာသာပြန်နိုင်တဲ့နည်းလေးပါ။အောက်မှာပုံနှင့်တကွရှင်းပြထားပါတယ်။ ...
-
နီကိုရဲ စာအုပ်များစုစည်းမှု မင်္ဂလာပါ ®®®®®®® တောင်းဆိုထားသူများယူပါ ကျနော်လည်းမရ ရအောင် ရှာကြံစုဆောင်းတင်ပေးလိုက်ပါတယ်။ နီကိုရဲစာအုပ်မ...
-
လူငယ်စာရေးဆရာသိုးဆောင်းရဲ့စာအုပ်တွေအကုန်ပါ စာရေးဆရာ သိုးဆောင်း ရေးထားသော စာအုပ်များထဲမှ Free link ထဲမှာ ရှိသော စာအုပ် အကုန်ပါ နောက်ထပ်မရေ...