မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .မင်္ဂလာပါ.. .

Wednesday, January 4, 2017

ဆရာ နတ်​နွယ် ၏ မြန်​မာပြည်​​မြောက်​ပိုင်း

#နတ်နွယ်  -  #မြန်မာပြည်မြောက်ပိုင်း
စာရေးသူ၏ အမှာ
-က-
မြန်မာပြည်မြောက်ပိုင်းသည် ဝတ္ထုဖြစ်သည်။ သမိုင်းမဟုတ်။ အတ္ထုပ္ပတ္တိမဟုတ်။ဝတ္ထုဆိုသည်မှာ စာရေးဆရာ၏ဖန်တီးမှုပင် ဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်းရှိ တိုင်းရင်းသားလူမျိုးများ၏လူမှုအဆောက်အအုံဖြစ်ပေါ်ပြောင်းလဲမှုကို ဇာတ်ဆောင်များ၏ လှုပ်ရှားရုန်းကန်မှုဖြင့် ဖန်တီးဖော်ပြထားခြင်းပင် ဖြစ်သည်။
လူမှုအဆောက်အအုံတစ်ခုကို ဖြစ်ပေါ်ပြောင်းလဲစေသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊
နေထိုင်စားသောက်ပုံများ၊ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများ၊ ကိုးကွယ်သည့်ဘာသာနှင့် အယူဝါဒများ၊ဖိနှိပ်ချုပ်ချယ်မှုနှင့် ဆန့်ကျင်တိုက်ခိုက်မှုများ၊ ယင်း၏ အမြင့်ဆုံးအဆင့်ဖြစ်သော လက်နက်ကိုင်တိုက်ပွဲများကို ဝတ္ထုသဘောဖြင့် ပြဆိုခြင်းသည် ဇာတ်ဆောင်များကို လှုပ်ရှားရုန်းကန်စေခြင်းသာဖြစ်ပါသည်။ အဓိပ္ပာယ်မှာ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စစ်ရေး စသည်တို့ကို ကျမ်းပြုပုဂ္ဂိုလ်က ဒိုင်ခံပြောဆိုသည့်အနေမျိုးဖြင့် မဖော်ပြပဲ ကာယကံရှင်များဖြစ်သော
ပြည်သူလူထုက ကိုယ်တိုင်ကိုယ်ကျ တင်ပြပြောဆိုသည့် အနေမျိုးဖြစ်အောင် စာရေးဆရာက ဖန်တီးရခြင်းဖြစ်ပါသည်။ဤကား ဝတ္ထု၏ သဘောပင်။ယင်းကြောင့် လူမှုအဆောက်အအုံဖြစ်ပေါ်ပြောင်းလဲမှုကို ပီပြင်စွာ ဖော်ပြလိုသောဝတ္ထုတစ်ပုဒ်တွင် ဇာတ်ဆောင်များနှင့် ဇာတ်ဆောင်များ၏ လှုပ်ရှားရုန်းကန်မှုများသည် အရေးကြီးဆုံးဖြစ်ပေသည်။ ဇာတ်ဆောင်များသည် ကာလ၊ ဒေသအလိုက် လူတန်းစား လှုပ်ရှားရုန်းကန်မှုပင်ဖြစ်ရမည်။စာရေးဆရာသည် ဇာတ်ဆောင်တစ်ဦးကို ဖန်တီးရာတွင် အကယ်ရှိသော လူပုဂ္ဂိုလ်တစ်ဦးကိုမူတည်၍လည်းကောင်း၊ လူနှစ်ဦး သုံးဦးကို ပေါင်းစပ်၍လည်းကောင်း ဖန်တီးရာသည်။ဇာတ်ဆောင်များ၏ လှုပ်ရှားရုန်းကန်မှုသည် လူတစ်ဦးတစ်ယောက်၏ အဖြစ်အပျက်သော်လည်းကောင်း၊ ကာလ၊ ဒေသတစ်ခု၏ အရေးအခင်းသော် လည်းကောင်း၊ သဘောသကန်ယူထားသောကြောင်းခြင်းရာ တစ်ခုသော်လည်းကောင်း ဖြစ်နိုင်သည်။ 
-ခ-
မြန်မာနိုင်ငံအထက်ပိုင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုအဆောက်အအုံဖြစ်ပေါ်ပြောင်းလဲမှုကိုပီပြင်စွာ ဖော်ပြနိုင်ရန် ကြိုးစားသောအခါတွင် ပေါင်းစပ်ထားသော ဇာတ်ဆောင်များဖြင့် ပြည့်စုံလုံလောက်ခြင်း မရှိသောကြောင့် တကယ်ရှိသော လူပုဂ္ဂိုလ်များကို မြန်မာပြည်မြောက်ပိုင်းတွင်
ဇာတ်ဆောင်များအဖြစ် ထည့်သွင်းအသုံးပြုရပါသည်။မြန်မာနိုင်ငံအထက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဒေသရာဇ်ဆန့်ကျင်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများကို ဖော်ပြသောအခါ သမိုင်းဝင်ပုဂ္ဂိုလ်များနှင့် သမိုင်းဝင်အရေးအခင်းများကို ခြွင်းချန်မထားနိုင်ပဲ ရှိရသည်။ ခြွင်းချန်ခဲ့လျှင်လည်း ပီပြင်ခြင်း၊ ပြည့်စုံခြင်း ရှိလိမ့်မည်မဟုတ်ပေ။ယင်းကြောင့်
အမတ်ကြီး ဦးကုလား၊ အမတ်ကြီး ဦးဖိုးစော၊ ဗိုလ်ရွှေထီး၊ ဦးဆိုင်ကွိုင်း၊ အမတ်ကြီး ဦးရွှေကြာ၊ဆမားဒူဝါ၊ ကန်စီဒူဝါ၊ နော်ပွဲဒူဝါ၊ ဖုံကန်ဒူဝါ၊ လွယ်ဆိုင်းဒူဝါ၊ ဝန်းသိုစော်ဘွားလေး ဦးအောင်မြတ်၊မိုးညှင်းအမတ်ကြီး ဦးဖိုးသိန်း၊ ဘော်ဆိုင်းဦးရွှေလယ်၊ ခွန်ဆန်၊ မိုးလှိုင်စော်ဘွား စောခမ်းလှိုင်၊ မင်းကြီးရွှေလှံဗိုလ်၊ ရွှေဘိုမြို့ဝန် ဗိုလ်ပြင်း၊ စစ်ကဲ မောင်ထွန်း၊ ဒီပဲယင်း ဗိုင်လှဦး၊ ရှိမ်းမကားဗိုလ်ရိုင်း စသူတို့သည် မြန်မာပြည်မြောက်ပိုင်းတွင် ဇာတ်ဆိုင်များအဖြစ် ပါဝင်လာရတော့သည်။(၁၈၈၄) ခုနှစ် ပဒေသရာဇ်ဆန့်ကျင်ရေး မိုးကောင်းတိုက်ပွဲ၊ (၁၈၈၄) ခုနှစ် နယ်ချဲ့ဆန့်ကျင်ရေး
မိုးကောင်းတိုက်ပွဲ၊ မုန်နောင်တိုက်ပွဲ၊ မိုးကောင်းမြစ်ရိုးလမ်းဖြတ်တိုက်ပွဲ၊ ညောင်ပင်ကုန်းတိုက်ပွဲ၊
ဝှေ့ထုံတိုက်ပွဲ၊ မြစ်ကြီးနားတိုက်ပွဲ၊ ဆဒုံးတိုက်ပွဲ၊ ရွှေဘိုတိုက်ပွဲ၊ ရှိမ်းမကားတိုက်ပွဲ၊ ဗန်းမော်တိုက်ပွဲ၊
ကောလင်းတိုက်ပွဲ၊ မှန်ကင်းတောင်တိုက်ပွဲ၊ ကျိုင်းခွင်တိုက်ပွဲ စသည်တို့သည် မြန်မာပြည်မြောက်ပိုင်းတွင်
ဇာတ်လမ်း ဇာတ်ကွက် အဖြစ် ပါဝင်လျက် ရှိကြရတော့သည်။
သို့သော် ယင်း ပုဂ္ဂိုလ်များ၊ ယင်း အရေးအခင်းများကို ဇာတ်လမ်း ဇာတ်ကွက်တွင် အကျုံးဝင်သလောက်သာ ထည့်သွင်းဖော်ပြထားသဖြင့် အချို့ပုဂ္ဂိုလ်များသည် ထင်ရှားလျက်ရှိသည်။အချို့ပုဂ္ဂိုလ်များသည် မှေးမှိန်လျက်ရှိသည်။ အချို့ပုဂ္ဂိုလ်များသည် အမည်နာမမျှပင် မပါဝင်ပဲကြွင်းကျန်ရစ်သည်။ယင်းသို့ ဖြစ်ရသည်မှာ မည့်သူ့ကို အဓိက၊ မည်သူ့ကို သာမညဟု သဘောထား၍
မဟုတ်ပါ။တမင် ထိမ်ချန်ထားခဲ့ခြင်းများ မဟုတ်ပါ။ယင်းအတူပင် သမိုင်းဝင်တိုက်ပွဲများအနက် အချို့ကို အသေးစိတ်ဖော်ပြ၍ အချို့ကိုအကြမ်းဖျင်းမျှသာ ဖော်ပြထားပါသည်။ ယင်းသည်မှာလည်း ဇာတ်လမ်း၏ သဘောသာဖြစ်ပါသည်။မည်သူက ဦးဆောင်သော မည်သည့်တိုက်ပွဲကို မထင်ရှားစေလို ဟူသော ဆန္ဒ မရှိပါ။
ယင်းအပြင် မိုးကောင်းအမတ်ကြီး ဦးရွှေကြာ၏ အကြောင်းကို ကျွန်တော် မဖော်ပြလိုပါ။ဦးရွှေကြာ၏ အမျိုးအနွယ်များနှင့် ကျွန်တော်တို့ မိသားစုသည် တစ်မြို့တည်းနေခဲ့သူများ ဖြစ်သည်။
ပုဂ္ဂိုလ်ရေးအရ ရင်းနှီးခင်မင်ကြသူများ ဖြစ်ကြသည်။ နိုင်ငံရေး အယူအဆချင်း မတူညီကြစေကာမူ နိုင်ငံရေး � လု
လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည်။ သို့သော် အမျိုးသားသစ္စာဖောက်များအကြောင်း ပြောလျှင်၊ရွှေဘိုမြို့ဝန် ဗိုလ်ပြင်း၊ စစ်ကဲမောင်ထွန်းနှင့် အမတ်ကြီး ဦးကုလား၊ အမတ်ကြီး ဦးဖိုးစော၊ ဗိုလ်ရွှေထီး၊မြို့အုပ် ဦးဖိုးမြ၊ မြို့စာရေး ဦးကျေးနှင့် ဦးကြူးတို့အကြောင်း ပြောလျှင် အမတ်ကြီးဦးရွှေကြာအကြောင်းလည်း ထည့်သွင်းပြောဆိုရမည် ဖြစ်ပါသည်။
-ဂ-
သမိုင်းဝင် ပုဂ္ဂိုလ်များ၊ သမိုင်းဝင် အရေးအခင်းများ၊ သမိုင်းဝင် နေရာဒေသများအကြောင်းရေးမည်ဆိုလျှင် တတ်နိုင်သမျှ စုံစေ့ရမည်၊ တတ်နိုင်သမျှ တိကျ မှန်ကန်ရပေမည်။
ယင်းသို့ စုံစေ့တိကျမှန်ကန်ရေးအတွက် ထောက်သုံးထောက်ပေါ်တွင် အခြေပြုခဲ့ပါသည်။ယင်းထောက်သုံးထောက်မှာကိုယ်တိုင်မြင်တွေ့ကြားသိခြင်း၊မြန်မာတိုင်းရင်းသားများရေးသားပြုစုသောစာအုပ်စာတမ်းများနှင့် နိုင်ငံခြားသားများ ရေးသားပြုစုသော စာအုပ်စာတမ်းများ ဖြစ်ပါသည်။ထောက်သုံးထောက်ရှိရာတွင် ပထမထောက်ကို အများဆုံး အားကိုးအားထားပြုပါသည်။
ကိုယ်တိုင်မြင်တွေ့ ကြားသိခြင်းသည် အရင်းတိုင်း ရရှိသော အချက်များပင်ဖြစ်သည်။ သူတစ်ပါး
ရေးသားသော စာအုပ်စာတမ်းများ ဆိုသည်မှာ တစ်ဆင့်ခံ ဖြစ်သည်။ ယင်း စာအုပ်စာတမ်းများတွင်ရေးသားသူတို့၏ အာဘော်နှင့် အကောက်အယူများ ပါရှိနေတတ်သည်။သို့ရာတွင် ကျွန်တော်သည် လက်လှမ်းမီသမျှ စာအုပ်စာတမ်းများကို ရှာဖွေဖတ်ရှုခဲ့ပါသည်။တိုက်ဆိုင်ညှိနှိုင်းခဲ့ပါသည်။ အထောက်အထား အကိုးအကားပြုခဲ့ပါသည်။ ထို့ကြောင့် ယင်းစာအုပ်စာတမ်းများ ရေးသားပြုစုသူတို့ကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
-ဃ-
မြန်မာပြည်မြောက်ပိုင်းအတွက် အကူအညီပေးခဲ့သော အမတ်ကြီး ဦးဖိုးစော၏သား
ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖိုးချုံ၊ ဗိုလ်ရွှေထီး၏မြေး ဦးကြန်၊ မိုးကောင်းမှ ကျောက်ကုန်သည်
ဦးဘကျော်၊ ကချင်ပြည်နယ် ဦးစီးအဖွဲ့ရုံးမှ အတွင်းဝန်ကလေး ဦးညွန့်သန်း၊ကချင်အမျိုးသားဓလေ့ကျင့်ထုံး သမိုင်းပုံပြင်နှင့် ပြက္ခဒိန်စိစစ်ရေးကော်မရှင် အတွင်းရေးမှူး အတွင်းဝန်ကလေး ဦးကိုလုဂန်၊ယဉ်ကျေးမှုဌာနခွဲ လက်ထောက်သုတေသနမှူး ဦးခေန်နန်း၊ ယဉ်ကျေးမှုဌာနခွဲ အထူးအရာရှိ မစ္စလုကွီ၊ပြန်ကြားရေးအရာရှိ မိုက်ကယ်ရုံး၊ ပြန်ကြားရေးဌာနမှ ဦးကံညွန့် (နိုင်သူ/ကချင်) နှင့် ပန်းချီအောင်စည်၊မြစ်ကြီးနားနှင့် မိုးကောင်းရှိ ဆွေမျိုး မိတ်သင်္ဂဟများနှင့် မိတ်ဆွေစာရေးဆရာများကို အထူးကျေးဇူးတင်ရှိပါသည်။ �
မြန်မာပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးတို့၏ နိုင်ငံရေး၊ လူမှုရေးနှင့် ရိုးရာဓလေ့ထုံးတမ်းများ အသင့်အလျောက် ဖော်ပြထားပါသည်။ ယင်းသို့ ဖော်ပြရေးသားရာတွင်လည်း
အထက်ပါ ထောက်သုံးထောက်ကိုပင် အားပြုခဲ့ပါသည်။သို့တစေလည်း သမိုင်းအချက်အလက်များနှင့် စပ်လျဉ်း၍သော် လည်းကောင်း၊ တိုင်းရင်းသားလူမျိုးတို့၏ နိုင်ငံရေး၊ လူမှုရေးနှင့်ရိုးရာဓလေ့ထုံးတမ်းများနှင့် စပ်လျဉ်း၍သော် လည်းကောင်း
အချွတ်အချော် အပေါက်အကျ ရှိသည်ကိုတွေ့လျှင် ထောက်ပြ ပြင်ဆင်ကြပါရန် တောင်းပန်ပါသည်။
ဝတ္ထုနှင့်စပ်လျဉ်း၍ဆွေးနွေးစရာရှိသမျှ ဝေဖန်စရာရှိသမျှကို ဖြောင့်ဖြောင့်စင်းစင်း ရင်းရင်းနှီးနှီး
ဆွေးနွေးဝေဖန်ကြပါရန်တောင်းခံပါသည်။
နတ်နွယ်
အမှတ် (၄၈၃)၊ နွယ်နီလမ်းသွယ် (၃)၊
ဃ - ရပ်ကွက်၊ ဥက္ကလာပ (မြောက်ပိုင်း)၊ ရန်ကုန်မြို့။
မြန်မာပြည်မြောက်ပိုင်း
( 4 . 95 MB )  စာမျက်နှာ  -  ၈၈၀
animated-download-sign-and-icon-image-0014
#စာအုပ်​လင့်​ခ်​​ပေါင်းစုံ page မှရယူပါသည်​။
                     စိုးမြင့်​​အောင်

No comments:

Post a Comment

ထူးအိမ်သင်အမှတ်တရစာအုပ်(၂)အုပ်

ကိုငှက် (ထူးအိမ်သင်) အမှတ်တရ စာအုပ် (၂)အုပ်ပါ။ ၁။အဆုံးအစမဲ့မိုးသားထဲသွားရဦးမယ် (ထူးအိမ်သင်ပုံတူကောက်ကြောင်း) နိုင်ဇော် ဒေါင်းရန်&#12...